Aircon Master
#အဲကွန်းလုပ်ငန်းခွင်၀င်စညီလေးတို့အတွက် Water-cooled ချီလာ အဲကွန်း အခြေခံ(၁) ချီလာမှာ အပူကွိုင်ကို အခြေခံပြောရင် 🚩အပူကွိုင်ထဲကအပူကိုလေနဲ့အပူစွန့်တဲ့ Air-cooled ချီလာ 🚩အပူကွိုင်ထဲကအပူကို ရေနဲ့အပူစွန့်တဲ့ Water-cooled ချီလာ ဆိုပြီးရှိပါတယ်။ အခုက Water cooled chiller အကြောင်းပြောမှာပါ။ Water-cooled chiller မှာအဓိက ချီလာရဲ့ အစိတ်အပိုင်း 2C2E အပြင် အခန်းထဲကအပူကို ရေအေးနဲ့စုပ်ယူပေးတဲ့ Air Handling Unit (AHU)/ Fan coil unit (FCU ) တွေပါပါတယ်။ အပူကွိုင်Condenser ကအပူကို တဆင့်အပူစွန့်ပေးတဲ့Cooling towerတွေပါပါတယ်။ AHU /FCU ဆီကို ရေးအေး (Chilled water )ပို့ပေးတဲ့ ရေအေးပန့် (Chilled water Pump/CHWP) Cooing tower ဆီရေပူ(Conderser water)ပို့ပေးတဲ့ Condenser Water Pump(CDWP)တွေပါပါတယ်။ ရေအေးပိုက် (Chilled water Pipe) CHW ရေပူပိုက် (Condenser water Pipe)CDW ဗား(Gate valve , Balancing Valve, By pass valve, Check valve) သာမိုမီတာ(Thermometer 🌡️) ရေစီးနှုန်းတိုင်းမီတာ ဖိအားဂိတ်(Pressure Guage) ရေပန်အ၀င်၊ေရပိုက်အမှုန်အနည်စစ်စကာ (Y-Strainer) စကာပိုက်(Flexible connector)စတာတွေပါ၀င်ပါတယ်။ 🚩ချီလာအကြောင်းလေ့လာရင်အခန်းထဲကအပူကိုတိုက်ရိုက်စုပ်ယူတဲ့အအေးကွိုင် (AHU /FCU )ထဲ၀င်တဲ့ရေဟာ အပူစုပ်ပြီးပြန်သွားတယ်ပေါ့။အ၀င်ထက်အထွက်ကပိုပူသွားတယ်ပေါ့ အပူဘယ်လောက်စုပ်သွားလည်း သိချင်လား? ဒီပူံသေနည်းနဲ့လည်ူတွက်လို့ရပါတယ်။ Btu/hr =500 x GPM x (အအေးကွိုင်အ၀င်အထွက်ရေအပူချိန်ခြားနားချက် ('F)) GPM ဆိုတာ Gallons Per Minute ပြောတာ။ အအေးကွိုင်ထဲတမိနစ်ကို ဖြတ်သွားတဲ့ ရေဂါလံစုစုပေါင်းပြောတာ။ တတန် (12000Btu/hr)အပူစုပ်နိုင်တဲ့ချီလာဖြစ်ပြီး အအေးကွိုင်အ၀င်အထွက်ရေအပူချိန်ခြားနားချက် ('F)ဟာ 10'F ဖြစ်ရင်။ အအေးကွိုင်ထံဖြတ်စီးနေမည့်ရေစီးနှုန်းဟာ 2.4GPMရှိပါမယ်။ (AHU/FCU အ၀င် 45'F (7.2'C)ဖြစ်ရင်အထွက် 55'F (12.8'C)ရှိတယ်ဆိုပါစို့၊ အ၀င်အထွက်အပူချိန်အဟ 10'Fပေါ့။ ဒါကိုအပူချိန်အဟ Temperature Differenceသို့မဟုတ်DeltaT (dT)လို့ခေါ်ပါတယ်။ 🚩အသေးစိတ်တွက်ချက်မှုက ဒါပါ။ 12000 Btu/hr = 500x GPMx10 12000/5000=GPM 2.4 =GPM (0.063 L/s)တစက္ကန့် 0.063လီတာနှုန်း ဆိုတာက 1Ton(12000 Btu/hr)အပူစုပ်နိုင်တဲ့ ချီလာ အဲကွန်းရဲ့အအေးကွိုင်ထဲဖြတ်စီးရမည့်ရေဟာ 2.4 GPM/Tonဖြစ်ရပါမယ်။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုသလို ချီလာChiller စက်နဲ့ ပိုက်ဝေးရင်ဝေးသလို ကြားထဲမှာရေစီးနှုန်း လျော့သွားနိုင်လို့ အခြေအနေပေါ်မူတည်ပြီး ဒါထက်ရေစီးနှုန်းပိုတွန်းနိုင်တဲ့ ပန့်ကိုတပ်ရမယ်ပေါ့။ 10 Ton အဲကွန်းဆိုရင် တမိနစ်ကို 24 Gal ရေစီးနှုန်း (0.63 L/s) 100Ton ဆိုရင် တမိနစ်ကို 240 Gal ရေစီးနှုန်းဖြစ်ရမယ်ပေါ့။(6.3 L/s)စီးနှုန်း ရှိရမယ်ပေါ့။ ဒါဆိုရင် အဲဒီရေပမာဏကို အအေးကွိုင်ထဲအရောက်အသားတင်တွန်းနိုင်တဲ့ရေပန့်တပ်ရမယ်ပေါ့။ တလုံးထဲတွန်းမလား ?တ၀က်စာနှစ်လုံးပြိုင်တွန်းမလား? အပြည့်နှစ်လုံးကို အမြန်နှုန်း လျှော့တွန်းပြီး မီတာခသက်သာအောင်ကစားမလား၊နှစ်ဆင့်တွန်းမလား အဆင်ပြေရာသုံးပေါ့။ ရေပန့်တွေဟာတုန်ခါတတ်တော့ ပန့်အ၀င်အထွက်မှာပိုက်ခါတာတုန်တာ ကွဲတာမဖြစ်အောင် စကာပိုက်ကိုတပ်ပေါ့။ ပန့်အ၀င်နဲ့ဘအအေးကွိုင်ထဲ အခဲအမှုန်တွေ မ၀င်အောင်စစ်ဖို့ ပန့်အ၀င်မှာ Y-Strainer တပ်ပေါ့။ ပန့်တွေဟာ ပျက်တတ်တော့ လိုအပ်ရင် ပိုက်တွေပိတ်ပြီးပန့်တွေဖြုတ်လို့ရအောင် ပန့်အ၀င်အထွက်မှာ ရေဗားတွေတပ်ပေါ့။အရေးပေါ်မောင်းဖို့ ပန့်အပို (Secondary pump )တပ်ပေါ့။ အအေးကွိုင်အ၀င်အထွက် အပူချိန်တွေသိဖို့ သာမိုမီတာတွေတပ်ပေါ့။ အအေးကွိုင် ရေအေးလမ်းကြောင်း ပိတ်လားမပိတ်လားသိရအောင် ရေဖိအားတိုင်းတဲ့ Pressure guageတွေတပ်ပေါ့။ အအေးကွိုင် ရေပမာဏာအနည်းအများချိန်ညှိနိုင်ဖို့ Balancing valve ထည့်ပေါ့။ ရေပမာဏသိဖို့ Flow meter (ရေမီတာ)ထည့်ပေါ့။ အအေးကွိုင် အ၀င်အထွက် ရေပမာဏလိုသလိုချိန်နိုင်ဖို့အအေးကွိုင်အ၀င်အထွက်ပိုက် တွေကြား 3-way by pass control valve ထည့်ပေါ့။ ဒါက အအေးကွိုင်ပိုင်အပိုင်း။ အပူကွိုင် Condenser ကြတော့။ အခန်းထဲကအအေးကွိုင်ကနေစုပ်လာတဲ့အပူအပြင် ကွန်ပရက်ဆာက ထပ်ထည့်တဲ့ အပူ (Heat of compression)ကိုပါ စွန့်ပေးရပါတယ်။ Heat of compression ဟာအအေးကွိုင်ကစုပ်ယူလာတဲ့အပူပမာဏရဲ့ 25% အများဆုံးရှိရမယ်လို့ သတ်မှတ်ဒီဇိုင်းထုတ်ကြပါသတဲ့။ တလုံးနဲ့တလုံးတော့ ဒီဇိုင်းအရကွာပါမယ်တဲ့။ ဒါဆို အဲကွန်းတစ်တန်စက်မှာ အအေးကွိုင်ကက တနာရီ အပူပမာဏ 12000Btu စုပ်ယူပေးချိန်မှာ အပူကွိုင်ကတော့ 12000Btu + 25%(3000Btu) ဆိုတော့ စုစုပေါင်း 15000 Btu စွန့်ပစ်ရမယ်ပေါ့။ ဒါကနေတွေးလို့ရတာက အအေးကွိုင်မှာလိုပဲ အပူကွိုင်ထဲ၀င်သွားတဲ့ရေ (Entering Condenser water)ဟာအပူစုပ်ပြီး ထွက်လာလို့တဲ့ အခါ မူလထက် 10'F ပိုလာတယ်လို့ပဲ အအေးကွိုင်မှာတုန်းကလို ယူဆရင်အပူကွိုင်ထဲ စီးသွားတဲ့ ရေပမာဏဟာ အအေးကွိုင်မှာထက် 25%ပိုများဖို့ လိုပါမယ်။ (အပူကွိုင်ထဲ အပူ စုပ်ဖို့လာတဲ့ပြန်ရေ (Entering condenser water )အပူချိန် 80'F ဆိုရင် အပူစုပ်ပြီးပြန်ထွက်သွားတဲ့ရေ(Leaving condenser water)အပူချိန် 90'F. ဖြစ်တယ်ဆိုတဲ့သဘောပေါ့) ဒါဆိုရင် အအေးကွိုင်မှာတုန်းက 2.4 GPM/Ton ဖြစ်တယ်ဆိုတော့ အပူကွိုင်မှာ သူ့ထက် 25%ပိုများရမယ်ဆိုတော့ 3GPM /Ton ဖြစ်ရပါမယ်။ 10Ton ချီလာဆိုရင် 30 GPM ရေစီးနှုန်းအပူကွိုင်ထဲစီးရမယ်ပေါ့။အနည်းဆုံး အသားတင် အပူကွိုင်ထဲကိုအဲဒီရေစီးနှုန်းေပးနိုင်တဲ့ ရေပန့်ဖြစ်ရမယ်ပေါ့။ Ton 100 ချီလာဆိုရင် 300GPM ရေစီးနှုန်းရှိမယ်ပေါ့။ ပန့်လည်း ဒီလိုပဲပေါ့။ ကျန်တဲ့ဗားတွေ၊Pressure guageတွေ၊သာမိုမီတာတွေ၊ Flow meterတွေ စတာတွေက အအေးကွိုင်တုန်းကနဲ့အတူတူပါပဲ။ #ကိုနန္ဒမိုး Hyper Institute အဲကွန်းသင်တန်းက ဘာတွေသင်သလဲ?ဘာသင်တန်းတွေရှိသလဲ? 👇👇 https://m.facebook.com/story.php?story_fbid=1850731491934245&id=662963534044386&mibextid=Nif5oz