Aircon Master
🚩အဲကွန်းဆေးတိုင်းဆားဗစ်လုပ်တိုင်း ဂက်စ်ဖြည့်စရာလိုသလား?ဖြုတ်ဆေးရမှာလား? နဂိုကတည်းက ပိုက်အယိုအစိမ့်မရှိ ဂက်စ်အပြည့်ရှိပြီးသား အဲကွန်းတွေဟာ အချိန်တန်လို့ဖြုတ်ဆေးဆားဗစ်လုပ်တဲ့အခါ ဂက်စ်ထပ်ဖြည့်စရာမလိုပါဘူး။ အဲကွန်းဂက်စ်ဟာအင်ဂျင်ဝိုင်တွေလို အချိန်ကြာလို့ အရည်အသွေးကျသွားတယ်လို့တော့ မရှိပါဘူး။ (ကွန်ပရက်ဆာဆီအရည်အသွေးမကောင်းလို့ ၊ စက်ဆင်ချိန်မှာစက်ထဲ ပိုက်ထဲ လေနဲ့ရေငွေ့ကျန်ခဲ့လို့ အဲကွန်းဂက်စ်နဲ့လေရယ် ရေငွေ့ရယ် ရောပြီး အပူစုပ်နိုင်တဲ့အရည်အသွေးပျက်သွားတာတော့ရှိပါတယ်) ပြောစရာရှိတာက အဲကွန်းတွေဆေးတဲ့အခါ ပိုင်ရှင်အများစုက တစစီဖြုတ်ဆေးတာက ပိုကောင်းတယ်လို့ထင်တတ်ကြပါတယ်။ ကောင်းတာတွေလည်းရှိပါတယ်။ ဖုန်ထူတဲ့ဒီတိုင်းပြည်မှာ တနှစ်တခါလောက်မှ ဆေးမယ်ဆိုရင်တော့ ဖြုတ်ဆေးသင့်ပါတယ်။ အဲဒီလိုမဟုတ်ပဲ အဲကွန်းဆေးတိုင်း တစစီဖြုတ်ဆေးမယ်ဆိုရင် အားနည်းချက်တေွရှိပါတယ်။ 1/♦️စက်က စကူတွေ ၊အစိတ်အပိုင်းတွေဟာ ခဏခဏ အကြိမ်များစွားအဖြုတ်အတပ်လုပ်မိလို့ စကူတွေချောင်ပြီး စက်ကအသံမည်လာတာ ၊ စက်အစိတ်အပိုင်းတွေချောင်ပြီး လျော့တိလျောရဲ ဖြစ် အသံထွက်လာတာ ပျက်စီူတာတွေဖြစ်နိုင်ပါတယ်။ 2/♦️ဂက်စ်ပိုက်တွေခဏခဏဖြတ်တပ်လုပ်လို့ ပိုက်ကော်လာတွေပါးပြီး ဂက်စ်ယိုစိမ့်တာတွေဖြစ်လာမှာပါ။ ♦️ဖြုတ်ဆေးဖို့ ဂက်စ်ကိုအောက်ဒိုးထဲသိမ်းတဲ့အခါ တချို့ အဲကွန်းဆားဗစ်လုပ်တဲ့အဖွဲ့တွေဟာ 🔺အလုပ်ကိုလောလောလောလုပ်လို့ဖြစ်စေ ၊ 🔺ပေါ့ဆမိလို့ဖြစ်စေ 🔺မကျွမ်းကျင်လို့ဖြစ်စေ 🔺နဂိုကအကြိမ်ကြိမ်ဖြုတ်ဆေစထားလို့ပိုက်ကော်လာတွေပါးနေရင်ဖြစ်စေ 🔺ပိုက်ရဲ့အဆက်တွေသေသေချာချာ မကြပ်မိတဲ့အခါဖြစ်စေ 🔺ဂက်စ်သိမ်းရာမှာ စနစ်တကျမသိမ်းမိတဲ့အခါ ဖြစ်စေဂက်စ်တွေလေ့လွင့်တာဖြစ်နိုင်ပါတယ်။ အဲဒီအခါ အဲကွန်းဟာဂက်စ်လျော့လို့ပြန်ဖြည့်ဖို့လိုအပ်မှာပါ။ လေလွင့်မှုကများတဲ့အခါ R410A လို ဂက်စ်မျိုးသုံးထားတဲ့စက်တွေဆိုရင် သူ့ရဲ့ဂက်စ်ဖွဲ့စည်းပုံက မတူညီတဲ့ ဂက်စ်နှစ်မျိုးကို 50%စီ အချိုးကျ ပေါင်းစပ်ထားတာမလို့ ဂက်စ် ယိုစိမ့်သွားရင်က စက်ထဲကျန်နေတဲ့ဂက်စ်အချိုးအစားကိုအချိုးမညီဖြစ်တတ်ပါတယ် ။အဲဒီအခါ ရှိပြီးသားဂက်စ်ကို အကုန်အစင်ပြန်ထုတ်ပြီး အစအဆုံးအသစ်ဖြည့်ရမှာပါ။ အဲဒီလိုဖြစ်တတ်လို့ကုန်ကျစာရိတ်ပိုများမှာပါ။ ⛔⛔အဲဒီအတွက် မလိုအပ်ရင် အဲကွန်းကို တစစီဖြုတ်ဆေးတာမလုပ်သင့်ပါဘူး။ ဆားဗစ်လုပ်တဲ့အခါဂက်စ်ပြန်ဖြည့်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းအရင်းက တစစီဖြုတ်ဆေးတာပါပဲ။ တကယ်ကို အသေးစိတ်ကျွမ်းကျင်တဲ့အဖွဲ့တွေကတော့ နဂိုကမှဂက်စ်အပြည့်ရှိနေရင် ဖြုတ်ဆေးသည်ဖြစ်စေ မဆေးသည်ဖြစ်စေ ဂက်စ်ပြန်ဖြည့်ပေးစရာမလိုပဲ ဆားဗစ်ပေးနိုင်ကြပါတယ်။ ⛔စက်တွေရဲ့ ရပ်နေတဲ့အချိန် ဂက်စ်ပြည့်မပြည့်သိဖို့ကတော့ 🔺#R22 ဂက်စ်သုံးတဲ့စက်ဆိုရင် မမောင်းခင်မှာ 150 PSI ၀န်းကျင်၊ စက်မောင်းချိန်မှာ 60 to 80PSI ကြား 🔺#R410A /R32ဂက်စ်သုံးတဲ့ အဲကွန်းစက်ဆိုရင် မမောင်းခင်မှာ 250 PSI၀န်းကျင် ၊ စက်မောင်းချိန် 110 to 150 PSI ကြားရှိနေရင် ဂက်စ်ပြည့်နေတယ်လို့ ယူဆနိုင်ပါတယ်။ #ကိုနန္ဒမိုး