Aircon Master

ပင်မစာမျက်နှာ အကြောင်း ဆိုင်များ ဈေးနှုန်း အပိုပစ္စည်းများ ဆောင်းပါးများ ကိုယ်ရေးကိုယ်တာနှင့်မူဝါဒ သက်တမ်းနှင့်အခြေအနေ အကောင့်ဖျက်ရန်
flag
flag

အသေးစိတ်ဖတ်ရှုရန်

🚩#အင်ဂျင်နီယာလုပ်ငန်းခွင်၀င်စညီ‌လေးတို့အတွက် မူးမတ်ကျပ်ပြည့်မပြည့်သိဖို့ တမူးဆိုတာတလက်မရဲ့ရှစ်ပုံတပုံ 1/8" ပေါ့ညီလေးတို့။ (သူ့တ၀က် တလက်မရဲ့ ဆယ့်ခြောက်ပုံတပုံ 1/16" ကိုတော့ တစ်ပဲ လို့ခေါ်ကြတယ် မီလီမီတာအားဖြင့် 1.6mmနီးပါးရှိတယ်) တမတ်ဆိုတာ ၂မူး-2/8"ကိုပြောတာ တလက်မရဲ့ လေးပုံတပုံ 1/4" ကိုပြောတာညေးတို့။ ဗမာတွေက အတိုင်းအတာတခုခုရဲ့ လေးပုံတပုံကိုလည်း တမတ်လို့ခေါ်တတ်ကြပါတယ်။ရာခိုင်နှုန်းနဲ့ဆို 25%ပေါ့။အလုက်တခုလုပ်လို့ဘတမတ်တော့ ငါ့ကိုပေးပြီးစားပါဆိုရင် လေးပုံတပုံခွဲတမ်းပေးလို့ပြောတာပါ။ သုံးမူးဆိုတာ3/8"ကိုပြောတာ ၊တမူးသုံးခါကိုပြောတာ၊ တလက်မရဲ့ရှစ်ပုံသုံးပုံ ကိုပြောတာညေးတို့။ ငါးမူးဆိုတာ ဗမာလို တ၀က်ကိုညွှန်းတာ ။ဘာရဲ့တ၀က်လဲ?တလက်မရဲ့ တ၀က် ။တလက်မမှာ 8 မူးရှိတော့ သူ့တ၀က်4 မူး ,4/8" ဟာ ငါးမူး(တ၀က်)လို့ ခေါ်ရတာပဲ။ ဘောလုံးပွဲလောင်းလို့ငါးမူးရှုံးရင် ကိုယ့်လောင်းကြေးတ၀က်ပေးရတယ်မဟုတ်လား အဲဒါကိုပြောတာ။ အဲဒီတလက်မရဲ့ တ၀က် 4 မူး 4/8"ထက် တမူးပိုလာရင် 5/8" ဖြစ်သွားပြီ။ တ၀က်ကိုငါးမူးခေါ်ထားတော့ 1 မူး ပိုလာပြီး 4/8"ကနေ တမူးပို 5/8" ဖြစ်လာတော့ အခေါ်အဝေါ်အရ ခြောက်မူးဖြစ်လာတာပေါ့😛။ မူးအရေအတွက်အားဖြင်း 5မူး ။တလက်မရဲ့တ၀က် ငါးမူးဆိုတဲ့အ‌ေခါ်အ‌ဝေါ်ထက် 1/8"( တမူး)ပိုလာလို့ခြောက်မူးခေါ်ရတယ်။ တကယ့် 6/8" ၊အရေအတွက်အားဖြင့် 1/8" ခြောက်ခါ ဖြစ်တဲ့ ခြောက်မူးကြတော့ တလက်မရဲ့ လေးပုံသုံးပုံ၊ တမတ် 1/4 သုံးခါပေါင်းအတိုင်းအတာနဲ့ညီတာဖြစ်လို့ဗမာအခေါ် သုံးမတ်လို့ခေါ်ရတယ်။ အတိုင်းအတာတခုခုရဲ့ လေးပုံသုံးပုံကို ဗမာလို သုံးမတ်ခေါ်ရတာပါ။ဒါမှမဟုတ် တလက်မပြည့်ဖို့ဘတမတ်လိုမလို့ မတ်တင်းလို့လည်းခေါ်ပါတယ်။ 7/8"ကြတော့ တလက်မ 8/8"ပြည့်ဖို့ တမူးလိုနေလို့၊တမူးထပ်တင်းမှ တလက်မပြည့်မှာမလို့ တလက်မမူးတင်း 7/8" လို့ခေါ်တယ်။ လက်သမားတွေကတော့ အတိုကောက်မူးတင်းလို့ခေါ်တယ်။လက်မအပြည့်ဖြစ်ခါနီး တမူးလိုနေရင် မူးတင်းလို့ခေါ်ကြတာပဲ။လူတယောက်ယောက် သာမာန်လူတယောက်မှာရှိသင့်တဲ့ဆင်ခြင်တုံတရား၊အတွေးအခေါ်၊နေပုံထိုင်ပုံရာနှုန်းပြည့် အပြည့်အ၀ မရှိဘူးဆိုရင် ကျပ်မပြည့်ဘူးလို့ခေါ်တာ ဒီဟာကနေဆင်းသက်လာတာပါ။ တမူးလိုဆိုတာပေါ့😬။ ဉပမာ သုံးလက်မပြည့်ဖို့ တမူးလို 2-7/8" ဆိုရင် သုံးလက်မမူးတင်းလို့ခေါ်ကြရတယ်။ တမူးမှာမီလီတာနဲ့ဆိုရင် 3.175 mmရှိတယ်။ အတိုကောက်ဆိုရင် 3.2 mmပေါ့။ အဲဒါကြောင့် တမူးဟာ အလွယ်ခေါ်ရင် 3.2 mm တမတ်ဟာ 6.4 mm သုံးမူးဟာ 9.6 mm ငါးမူးဟာ တမတ်နှစ်ဆ 12.8 mm ခြောက်မူးဟာ တမူးငါးဆ 16mm သုံးမတ်ဟာ တမတ်သုံးဆ 19.2 mm (အလွယ် 20mm) မူးတင်းဟာ တမူးခုနှစ်ဆ 22.4 mm (အလွယ် 22) တလက်မဟာ ငါးမူးနှစ်ခါ/တမူးရှစ်ဆ 25.6mm (တကယ်က 25.4) အဲဒီကနေ အဲကွန်းလုပ်ငန်းတွေမှာ ကတ်တလောက်မှာပါတဲ့မီလီလီမီတာ ပိုက်ဆိုဒ်ကို 3 နဲ့ စားပြီး ဗမာအခေါ် မူးမတ်ပိုက်ဆိုက်ကို အလွယ်သိနိုင်တယ်ပေါ့။ 6.35mm ဆိုပါတော့ 3နဲ့စား 2 ရတယ် ၂မူး (တမတ်)ပိုက်ပေါ့။သံချောင်းဆိုရင်လည်း အချင်း တမတ်သံချောင်းဆိုရင် ဒါခေါ်တာပေါ့။ 9.6mm ဆိုပါတော့ 3နဲ့စား 3 ရတယ် (သုံးမူး)ပိုက်၊သုံးမူး‌သံ‌ေချာင်းဆိုတာဒီအတိုင်းအတာ‌ပေါ့။ 25.4mmm ဆိုပါတော့ 3နဲ့စား 8ရတယ် ရှစ်မူး (တလက်မ)ပိုက်ပေါ့။ဒီအတိုင်းအတာပြည့်ရင် ကျပ်ပြည့်တယ်ခေါ်တာပေါ့။ ဒီလောက်အချင်းရှိတဲ့ သံချောင်းကိုဆောက်လုပ်ရေးလောကမှာခေါ်တာက ကျပ်လုံး ။ ကျပ်လုံးပြောပေမယ့် 25.4mmမပြည်ရင် အလျော့လို့ခေါ်တယ်။ဈေးမတူဘူး။ ကျန်တဲ့သံချောင်းဆိုက်တွေမှာလည်း အလျော့ဆိုဒ်တွေရှိတယ်။ ကျန်တာလည်း ကိုယ့်ဟာကိုမှတ်တော့ပေါ့။ #ကိုနန္ဒမိုး

ဆက်သွယ်ရန်

+၉၇၀၉၉၈၈၆၈ admin@airconmastermm.com ရန်ကုန်

follow us

facebook viber
copy right @ Aircon Master Coded by Page Myanmar